Sunday, 12 August 2012

♥♫ကျောခိုင်းခဲ့ ရ ချစ်သောအမိမြေ♥♫






လက်ပြနှုတ်ဆက်သူမရှိ
ရင်နာနာနဲ့ နှုတ်ဆက်ခဲ့မိတယ်
နှလုံးသားနံရံက ပုလဲဥတို့ ကြွေကျသည့်တိုင်
ငါ့ဝေဒနာတွေကို ထွေးပိုက်ရင်း
ကျောခိုင်းလို့ စွန့်ခွါခဲ့ရပြီ
ငါချစ်သော အမိမြေ
ငါချစ်သော ငါ့ အဖေအမေ
ငါချစ်သော ငါ့အဆွေ
ငါချစ်သော ငါ့အပေါင်းသင်းတစု
ငါချစ်သော ကောင်မလေး
ဟားးးးးးးးးးးးးးးးးးးး
အရာအားလုံးကိုကျောခိုင်းကာ
ငါ့ဘ၀ရဲ့ တိုးတက်ရာဆိုတဲ့ ဆန္ဒနဲ့
တိုင်းတပါးရဲ့ ကျွန်အဖြစ်ခံယူရင်း
ငါ့ခွန်အားတွေ အရင်းပြု
ငါဘ၀ကို ငါဖန်တီးခဲ့ရပြီ
ငါသိပ်ချစ်တဲ့ အမိမြေ
ငါတနေ့ ပြန်လည် ခြေချမည်
ငါချစ်တဲ့ ငါ့နိုင်ခံအတွက်
ငါကောင်းကြိုးတွေ ပေးနိုင်ရမည်
ငါချစ်တဲ့ အရာအားလုံးအတွက်
ငါကျောခိုင်းခဲ့ ရပြီ......


ဒီပဲယင်းသားလေး
             အောင်အောင်(မကစ)
                    ရင်တွင်းဖြစ်
                  23/11/2011

0 comments:

Post a Comment