Sunday, 20 January 2013

အိုအေစစ်နှင့်ကျွန်တော်တို့၏မျှော်လင့်ချက်

                ကျွန်တော်တို့အဖွဲ့ကလေးသည် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ကျောင်းသူကျောင်းသားများဖြင့် ဖွဲ့စည်းထားပါသည်။ ထို့ကြောင့်လည်း ဂုဏ်ယူမဆုံးဖြစ်မိပါသည်။ အဖက်ဖက်မှ အဖွဲ့ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီခဲ့ကြသော သူငယ်ချင်းများအားလည်း ကျေးဇူးအထူးတင်ပါသည်။ နောက်ပြီး နောင်တစ်ချိန်ထိ အိုအေစစ်တည်ရှိခဲ့သေးရင်လည်း ရောက်ရာအရပ်မှ တတ်နိုင်သမျှကူညီပေးစေချင်ပါသည်။ နောင်တစ်ချိန်ထိ တည်တံ့အောင်လည်း ကူညီစေချင်ပါသည်။ 
              ကျွန်တော်တို့ပြုလုပ်လျှက်ရှိသော လုပ်ငန်းများဖြစ်သော သွေးလှူခြင်း သို့ သွေးလှူရှင်ရှာပေးခြင်း၊ နီးစပ်ရာ ကျေးရွာများရှိ ဘ.က ကျောင်းများသို့ ကလေးများအတွက်လိုအပ်သည်များ လှူဒါန်းခြင်း၊ စသည်တို့သည် ကျွန်တော်တို့အဖွဲ့၏ အဓိကလုပ်ငန်းများဖြစ်ပါသည်။ ယခုအချိန်တွင် နီးစပ်ရာ ကျေးရွာများရှိ ချို့တဲ့သော မူလ၊မူလွန်ကျောင်းများသို့လည်း တတ်နိုင်သမျှလှူဒါန်းကြရန် ရည်ရွယ်ထားပါသည်။ အခြားသော လုပ်ငန်းများလည်းရှိပါသေးသည်။ 
            ကျွန်တော်တို့လုပ်သမျှလုပ်ငန်းများသည် အများအကျိုးအတွက်ဦးတည်ပြီးလုပ်သော လုပ်ငန်းများဖြစ်သောကြောင့် အင်မတန်ကောင်းမွန်ပါသည်။ သို့ပေသည့် ကျွန်တော်တို့လှူဒါန်းလိုက်သောကြောင့် ကလေးသူငယ်များမှာ ပြည့်စုံလုံလောက်သွားသည်မရှိပါ။ အဆင်ပြေသွားသည်ဟုပင်မပြောနိုင်ပါ။ ဒါဖြင့်ဘာလို့လုပ်နေကြပါသလဲ။မေးစရာရှိပါသည်။ ကျွန်တော်တို့လှူလိုက်လို့ ပြည့်စုံမသွားပေမဲ့ သက်သာတော့သွားပါသည်။ စာအုပ်တစ်အုပ်ပဲရှိတဲ့ကျောင်းသားလေးတစ်ယောက်အတွက် နှစ်အုပ်ဖြစ်သွားပေလိမ့်မည်။ အနည်းဆုံးတော့ ပျော်သွားပေလိမ့်မည်။ ထိုကလေးများ၏ဆရာ မိဘများမှာလည်း ကြည်နူးသွားပေလိမ့်မည်။ ထိုမျှလောက်သာ.....
            ထိုမျှလောက်နှင့်ကျွန်တော်တို့အချိန်ကုန်ခံ၊ အပင်ပန်းခံ မလုပ်လိုပါ။ နောက်ထပ် ရည်ရွယ်ချက်တွေ အများကြီးမျှော်လင့်ထားပါသေးသည်။ ကျောင်းသားကလေးများ၊ ဆရာမိဘ၊ ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားများ ထိုသုံးမျိုးစလုံးမှာ မျှော်လင့်ချက်အသီးသီးဖြစ်ပေါ်လာစေပါမည်။
            ပထမဆုံး ကျွန်တော်တို့ဘက်ကစဉ်းစားကြည့်ကြပါစို့။ ကျွန်တော်တို့သည် ကျောင်းတက်နေခိုက် တတ်နိုင်သမျှ လုပ်နေရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့သည် အများသူငါအတွက် change ကြီးကြီးဖြစ်အောင်မလုပ်နိုင်ကြပါ။ ထို့ကြောင့် ကိုယ့်ရဲ့ညီညီမအရွယ် တူတူမအရွယ်လေးများအား အသိစိတ်ထည်းသွင်းပေးနေကြပါသည်။ အကိုတို့ဦးလေးတို့ဒီလိုဒီလိုလုပ်ကြတယ်ကွယ်၊ မင်းတို့အလှည့်ကြရင်လည်း လုပ်ရမယ်နော် ။ စသဖြင့် ပြောနေသလို စာအုပ်ကလေးတစ်အုပ် လက်ကဆွဲရင်း သူတို့ကို အသိစိတ်လေးများ ထည့်ပေးနေကြပါသည်။ သူတို့ကလည်း မျက်လုံးလေးကလည်ကလည်နှင့် ခေါင်းလေးများငြိမ့်ပြနေကြသည့်နှယ် ခံယူမိပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့ထဲက နောင်တစ်ခေတ်မှာ သမ္မတလောင်းများ၊တိုင်းပြည်ကို  အကျိုးပြုနိုင်မည့် ၀န်ကြီးရာကြီးများ မပါနိုင်ပါလို့ ဘယ်သူမှ မပြောနိုင်ပါ။ ဒါကြောင့်ဒီကလေးတွေကို အားကိုးမိပါသည်။ အားကိုးလို့လဲ တတ်နိုင်သမျှထောက်ပံ့နေကြခြင်း ဖြစ်ပါသည်။ အရှင်းဆုံးပြောရလျှင် စာအုပ်ခဲတံဆိုတာ သူတို့နှင့်ကျွန်တော်တို့ကြားက မီဒီယာ၊ကျွန်တော်တို့က သူတို့ရဲ့ စိတ်ကိုလိုချင်တာ ။ဒါကြောင့် ကျွန်တော်တို့က သူတို့လိုချင်တဲ့ ပစ္စည်းပေးခြင်းဖြစ်ပါတယ်။ ကလေးက ငယ်တော့ဘာသိမှာလဲတဲ့။ငယ်တော့မသိလည်း ကြီးတော့သိလာလိမ့်မပေါ့။ စိတ်မပူပါနှင့်သူကြီးရင် လုပ်ပေးပါလိမ့်မယ်။ 
         နောက်မိဘဆရာတွေက ကျွန်တော်တို့တစ်တွေသွားလှူရင် အရမ်းသဘောကျတာ။ တစ်ပြုံးပြုံးနှင့် ။ကျွန်တော်တို့က သူတို့ကလေးတွေကို ပစ္စည်းပေးလို့မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့လှူဒါန်းမှုက ကြီးမားလို့မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့သဘောထားကို သူတို့သဘောကျနှစ်သက်လို့ပဲဖြစ်ပါတယ်။ ကြည့်စမ်း တက္ကသိုလ်ကျောင်းသားလေးတွေက သူတို့မုန်းဖိုးထဲကစုပြီးတော့ လုပ်နေကြတာ။ ဒီကလေးတွေက စိတ်ကောင်းရှိတဲ့ကလေးတွေပဲ။ ငါတို့ကလေးတွေလည်း ဒီကလေးတွေကို အားကျစေချင်လိုက်တာ။ အားကျအောင်လည်း သင်ပေးမယ်။ ငါ့သားလေး ငါ့တပည့်လေး တက္ကသိုလ်တက်နိုင်အောင်လည်း ငါတို့အားထုတ်မယ်။ တက္ကသိုလ်ရောက်မှ ပညာတတ်ဖြစ်မယ်။ ပညာတတ်ဖြစ်မှ ဒီစိတ်ဓာတ်တွေ ကိန်းအောင်းစေနိုင်မယ်။ ဒါကြောင့် ငါတို့တတ်နိုင်သမျှ လုပ်ပေးမယ်။ ဒါဖြင့် တက္ကသိုလ်ကျောင်းသားတွေမှ လူကောင်းလား။  မဆိုလိုပါ။ ကောင်းတာချင်းအတူတူ ပညာတတ်ပြီးကောင်းတဲ့သူဟာ အမှားအမှန် ကောင်းမကောင်း ရာမရာ ဝေဖန်ပိုင်းခြားနိုင်မယ်။တနည်းအားဖြင့် အပြစ်ကင်းတဲ့ကောင်းမှုတွေအတွက် ပညာဖြင့် ဆင်ခြင်နိုင်ပါလိမ့်မယ်။ 
         နောက်ဆုံးကတော့ ကလေးတွေဘက်ကဖြစ်ပါတယ်။ သူတို့ဘက်ကကို  ကျွန်တော်ကပြောနေတာ ဆိုတော့ စိတ်ကူးယဉ်းများဆန်နေမလား။ဒါမှမဟုတ် လိုရာဘက်များဆွဲတွေးထားသလား။ အရှင်းဆုံးပြောရရင်တော့ ဖြစ်စေချင်တာကို တင်ပြခြင်းသာဖြစ်ပါတယ်။ အော် အကိုကြီးတွေ အမကြီးတွေက  တက္ကသိုလ်ကျောင်းသားတွေဆိုပါလား။ တက္ကသိုလ်ဆိုတာ ပျော်စရာကောင်းတယ်လို့လည်းဆိုကြလေရဲ့ အော် ဘာပဲဖြစ်ဖြစ်ရောက်ဖူးချင်လိုက်တာ။ တက်ဖူးချင်းလိုက်တာ။ ငါတို့တက်တဲ့အခါကျတော့ ငါတို့လိုပဲ ကလေးလေးတွေ ရှိဦးမှာပဲ။ ငါတို့လည်း ပြန်လှူကြမှာပေါ့။ နောက်ပြီးသူတို့ပြောသွားတာတွေက နားထောင်လို့ကောင်းလိုက်တာ။ ငါတို့လည်း သူတို့အရွယ်ရောက်ရင် သူတို့သိသလို သိလောက်ပါရဲံ့။ ငါသာ သူတို့နေရာရောက်လို့ကတော့ ဘာလုပ်လိုက်မယ် ညာလုပ်လိုက်မယ် စသဖြင့်ပေါ့။ ဘာညာဆိုတာ ၀ါသနာပါတာဖြစ်ချင်ဖြစ်မယ်။ ဂီတအနုပညာဖြစ်ချင်ဖြစ်မယ်။ စာအုပ်စာပေဖြစ်ခြင်ဖြစ်မယ်။ ကျောင်းစာတော်သူကြီးတွေဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူတို့တွေ တက္ကသိုလ်ကျောင်းသားတွေ မြင်ပြီး ကျောင်းနေချင်စိတ်ပေါက်သွားရင်ပဲကျေနပ်ပါပြီ။ ဘာလို့ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ မူလတန်းအလယ်တန်းတင်ပဲ ကျောင်းထွက်သွားတတ်ကြတယ်မဟုတ်လား။ အထူးသဖြင့် အခုလို ကျေးရွာတွေမှာပေါ့။ အကြောင်းအမျိုးမျိုးကြောင့်တော့ဖြစ်တာပေါ့။ ဒါပေမယ့် ကျောင်းဆက်မနေဖြစ်တော့ ကျောင်းနှင့်ပတ်သက်သော တနည်း ပညာနှင့်ပတ်သက်သော အခွင့်အရေး သူ့မှာဆုံးရှုံးသွားတာပဲပေါ့။ ထိုကလေးသာ စာတော်နေရင် စာကြိုးစားရင် မိဘတွေ ကျောင်းနုတ်ချင်တောင်မှ နုတ်ဖို့ခဲယဉ်းနေပေါလိမ့်မယ်။ ဒါကြောင့် ကလေးတွေကြိုးစားဖို့ အဘက်ဘက်က ၀ိုင်းဝန်းသင့်တာပေါ့။ တစ်တန်းလုံးတော်နေဖို့မလိုပါဘူး။ ၃ယောက်တော့တဲ့နေရာ ၅ယောက်တော်လာအောင်ပေါ့။ ၅ယောက်တော်တဲ့နေရာ ၇ တော်လာအောင်ပေါ့။ အချုပ်ပြောရရင် အဲဒီအသိစိတ်လေးဝင်လာစေချင်တာပါ။ အဲဒီဟာတစ်ခုတည်း အတွက် ကျွန်တော်တို့လုပ်နေကြတာလို့ ပြောရင်လည်း ရပါတယ်။
        ကဲဒီတစ်ခါတော့ ဒီလောက်နှင့်ပဲရပ်လိုက်ပါမယ်။ ဒီလူ သူထင်ရာမြင်ရာတွေ ပြောနေတာလို့အချို့ကပြောပါလိမ့်မယ်။ ဟုတ်ပါတယ် အဲဒီထင်မြင်မှုလေးနှင့်ပဲဆက်လုပ်ဖြစ်နေတာပါ။ အဲဒီထင်မြင်မှုက မှားနေရင်လည်း ကျွန်တော်တို့လုပ်နေတာတွေလဲ သွေဖယ်ကုန်တော့မှာပေါ့။


   

1 comments:

Anonymous said...

Merkur Slots Machines - SEGATIC PLAY - Singapore
Merkur Slot Machines. 5 star rating. The Merkur Casino https://vannienailor4166blog.blogspot.com/ game was the first titanium ring to communitykhabar feature video slots herzamanindir.com/ in the entire https://septcasino.com/review/merit-casino/ casino,

Post a Comment